မြန်မာနိုင်ငံကြက်ခြေနီအသင်း အသင်းခွဲဆိုင်ရာ စွမ်းဆောင်ရည် ဆန်းစစ်အကဲဖြတ်ခြင်း သင်တန်း ဖွင့်လှစ်

မန္တလေး နိုဝင်ဘာ ၂၅

မြန်မာနိုင်ငံကြက်ခြေနီအသင်း အသင်းခွဲဆိုင်ရာ စွမ်းဆောင်ရည် ဆန်းစစ်အကဲဖြတ်ခြင်းသင်တန်း ဖွင့်လှစ်ကို မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာ သိန်းထွန်းအောင်က နှုတ်ခွန်းဆက်စကားပြောကြားပြီး မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးဒေါ်မြင့်မြင့်သန်းက သင်တန်း စည်မျဉ်းစည်းကမ်းများနှင့် ပတ်သက်၍ရှင်းလင်းပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီဌာနချုပ် အသင်းခွဲဖွံ့ဖြိုးတိုးတက်မှုဌာနမှ သင်တန်းနည်းပြ ဒေါ်ဟန်သီ က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြည်ကြီးတံခွန်မြို့နယ် ကြက်ခြေနီအသင်းခွဲ အမှုဆောင်ဦးအောင်မြင့်ဦး က ကျေးဇူးတင်စကား ပြောကြားသည်။

အဆိုပါသင်တန်းကို သင်တန်း(၁၅)ဦးဖြင့် နိုဝင်ဘာ ၂၅ ရက် မှ နိုဝင်ဘာ ၂၆ ရက်အထိ(၂)ရက်ကြာပို့ချ သွားမည်ဖြစ်ပြီး သင်တန်းဖွင့်ပွဲသို့ မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကြက်ခြေနီဌာနချုပ်အသင်းခွဲ ဖွံ့ဖြိုးတိုးတက်မှုဌာနမှ သင်တန်းနည်းပြနှင့်တာဝန်ရှိသူများ၊ ပြည်ကြီးတံခွန်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)