မဟာအောင်မြေမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

မဟာအောင်မြေ    နိုဝင်ဘာ ၂၅

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေ မြို့နယ်တွင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှပန်းခင်းစီမံချက်ဖြင့်  အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်များကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ရံမွန်တောင်နှင့်‌ ဟေမမာလာရပ်ကွက်များ၌ နိုင်ငံသားစိစစ်ရေးကတ်များကို ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်ပေးရာတွင်  မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက  ပန်းခင်းစီမံချက်၏  ရည်မှန်းချက်ဖြစ်သော နိုင်ငံသား၊ တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ  ကတ်တစ်မျိုးမျိုး  ထုတ်ပေးရေး၊ ပန်းခင်းစီမံချက်ပါ လုပ်ငန်းစဉ်လေးရပ်နှင့်အညီ ဆောင်ရွက်ပေးပြီး  သွေးအမျိုးအစားစစ်ဆေးပေးခြင်းကို ကျန်းမာရေးဝန်ထမ်းများက ပူးပေါင်း ဆောင်ရွက်ပေးကြောင်းနှင့် ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ လူစုလူဝေး မဖြစ်စေရန်နှင့် ပါးစပ်နှင့်နှာခေါင်းစည်း စနစ်တကျတပ်ဆင်စေပြီး  ဆောင်ရွက်ခဲ့ကြောင်း   မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးသိန်းဟန်ထံက သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင်    မြို့နယ်အတွင်းရှိ (၁၈)ရပ်ကွက်သို့ လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက အလှည့်ကျ ကွင်ဆင်းပြီး‌ပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပန်းခင်းစီမံချက်အား (၃/၅/၂၀၂၁)မှ(၃/၁၁/၂၀၂၂)ရက်နေ့အထိ (၁၈)လတာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။                    

ခင်နှင်းဆီ