မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး‌နောက် ပြန်လည်ကျန်းမာလာသူ တစ်ဦး၏ ရင်တွင်းစကားသံအချို့

မိုင်းငေါ့     နိုဝင်ဘာ    ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်‌ရေး လုပ်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ တစ်ဦး၏ ရင်တွင်းစကားသံ အချို့ကို ဖော်ပြပေးလိုက်ပါသည်။

ကျွန်တော် အမည်က ဦးကျော်စိန် ဖြစ်ပါတယ်၊ အသက်က (၆၇) နှစ် ရှိပါပြီ၊အမှတ်(၃)ရပ်ကွက် အောက်တာလုံမှာ နေပါတယ်၊ လ္ဘက်ခြံလုပ်ငန်း လုပ်ပါတယ်၊ ကျွန်တော် ကိုဗစ် ရောဂါ စဖြစ်တာက ဖျား တယ် တုပ်ကွေး ဖြစ်သလိုကြီး ခံစားရတယ်၊ ကိုယ်လက်တွေနာကျင်ကိုက်ခဲပြီး (၁၄.၈.၂၀၂၁) ရက်နေ့မှ စဖျားတော့တာပါပဲ (၂၁.၈.၂၀၂၁) ရက်နေ့အထိ အပြင်ဆေးခန်းပြတယ် မသက်သာဘူး၊ အဲ့ဒါနဲ့ (၂၅.၈.၂၀၂၁) ရက်နေ့မှာ ရောဂါပိုရှိ/မရှိ သိရအောင် PCR နဲ့စစ်တော့ ကိုဗစ် ရောဂါပိုး ရှိနေတယ်ဆိုတာ သိရတာကြောင့် (၂၇.၈.၂၀၂၁) ရက်နေ့ ကစပြီး အ.ထ.က ကျောင်းမှာ Quarantine Center (၁၄)ရက် ဝင်ရတယ်၊ ကိုဗစ် ရောဂါဖြစ်လို့ Quarantine ဝင်ရောက်‌‌‌ နေချိန်မှာ ကျန်းမာရေးဌာနမှ တာဝန်ရှိသူတွေရဲ့ ညွှန်ကြားချက်အတိုင်း နေထိုင်ပါ တယ်၊ ဆေးလည်းပုံမှန်သောက်တယ်၊ လေကျင့်ခန်း ပုံမှန်လုပ်တယ်၊ အိပ်ရေးဝဝ အိပ်တယ်၊ အစားအသောက်လည်း ပုံမှန်းစားပါတယ်၊ ကျန်းမာရေး ကောင်းမွန်ပြီး အိမ်ပြန်ရောက်တဲ့ အချိန်မှာလည်း Home Quarantine (၁)ပတ် နေရတယ် ကျွန်တော် အနေနဲ့ပြောချင်တာက ကိုဗစ် ရောဂါ ဖြစ်ပြီဆိုရင် ကိုယ်ခံအား‌ကောင်းအောင် နေထိုင်ပါ၊ စိတ်ဓါတ်လုံးဝကျမသွားပါနဲ့ ၊ ရောဂါဖြစ်ပြီဆိုတာနဲ့ အမြန်ဆုံး ဆေးကုသမှုခံယူပါ၊ အဟာရပြည့်ဝအောင်စားပါ၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ၊ အိပ်ရေးဝဝအိပ်ပါ၊ Mask နှာခေါင်းစည်းများကို စနစ်တကျ တပ်ဆင်ပြီးမှ သွားလာကြပါ၊ လက်ကိုလည်း မကြာခဏ ဆေးကြပါလို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။

မြင့်သွယ်၊ မို့မို