ရန်ကင်းမြို့နယ်၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်စကား ပုံဆက်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ရန်ကင်း နိုဝင်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community centre ခန်းမ၌ ယမန်နေ့နေ့လယ် ၂နာရီအချိန်က (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မူလတန်းဆင့်စကား ပုံဆက်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူများ ဖြတ်ထိုးဉာဏ်ဖြင့် စဉ်းစားတတ်တဲ့ အလေ့အထရရှိ စေရန်၊ ကောင်းမွန်မှန်ကန်ပြီး ဉာဏ်ရည်ထက်မြက်စေရန်၊ စကားပုံများ၏ အဓိပ္ပာယ်များကို သိရှိစေရန်၊ စာကြည့်တိုက်၌ စာဖတ်တဲ့ အလေ့အထရရှိစေရန်နှင့် အမျိုးသားအောင်ပွဲနေ့ကို အမှတ်ရစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community centr ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ကာယဉာဏစွမ်းရည်ပြိုင်ပွဲများ၊ ဂိမ်းများလည်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ဦးစီးမှူး ဒေါ်လှလှထွေးက ပထမ၊ ဒုတိယ၊ တတိယဆုများ အသီးသီး ချီးမြှင့်ပေးခဲ့ပြီး ဝင်ရောက်ယှဉ်ပြိုင်သူ ကျောင်းသား၊ ကျောင်းသူများကို ဗလာစာအုပ်နှင့် ခဲတံများ လက်ဆောင်ပေးခဲ့ကြောင်း သိရသည်။

လှလှထွေး