နောင်တရားမြို့၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဆေးရောင်ခြယ် ပြိုင်ပွဲကျင်းပ

နောင်တရား နိုဝင်ဘာ ၂၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်မူမြစောက (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲ နေ့ အထိမ်းအမှတ်အဖြစ် ဆေးရောင်ခြယ်ပြိုင်ပွဲ ဆောင်ရွက်ခြင်းဖြစ်ပြီး အမျိုးသားအောင်ပွဲနေ့ကို မမေ့စေရန်နှင့် လူငယ်လူရွယ်များ က ကြိုးစားတီထွင်သည့် ဉာဏ်ရည်ထက်မြတ်စေရန် ရည်ရွယ်ကြောင်း ပြောကြားသည်။ ထို့နောက် ကျောင်းသားကျောင်းသူများက မိမိဆေးရောင်ခြယ်ရမည့် ရုပ်ပုံများကို ဆေးရောင်ခြယ်ခဲ့သည်။ ဆုရရှိသော ကလေးများကို မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက ဆုများ ချီးမြှင့်ပေးအပ်သည်။ အဆိုပါဆေးရောင်ခြယ်ပြိုင်ပွဲကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး စည်းကမ်းနှင့် အညီဆောင်ရွက်ကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)