ကျွန်းစုမြို့၌ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကျွန်းစု  နိုဝင်ဘာ ၂၅

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်  ကွန်းစုမြို့နယ်၌ နိုဝင်ဘာလ(၂၈)ရက်နေ့ တွင်ကျရောက်မည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှ ထုတ်ဝေသည့် သတင်းစကား  လက်ကမ်းစာစောင်များကို ယနေ့နံနက်က အထက (ကျွန်းစု)ကျောင်းတွင် ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက အသိပညာပေး ဖြန့်ဝေပေးခဲ့ကြောင့် သိရသည်။

ဆိုပါ လက်ကမ်းစာစောင်တွင်  ၂၀၂၁ ခုနှစ် ၊ ၁၀၁ နှစ်မြောက် မျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ မိန့်ခွန်းမှ ကောင်နုတ်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၁ခုနှစ်၊ ဧပြီလ ၁၁  ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံပြောကြားသည့် အမှာစကားမှကောက် နုတ်ချက်၊ ရန်ကုန်ယူနီဗာ စီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၏အမည်များ၊ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာသည့် သမိုင်းအကြောင်းအရာများ၊ ရေနံသာမောင်ကျော်ညွှန့် ရေးသားသည့် ဘုန်းရှင့်မြန်မာတို့ မြန်မာ ကဗျာ၊ ဆောင်ပုဒ်များအစရှိသည့် အကြောင်းအရာများပါဝင်ကြောင်း သိရသည်။

စံပယ်ဖြူ(ကျွန်းစု)