နွားထိုးကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများအား အသိပေးနှိုးဆော်

နွားထိုးကြီး နိုဝင်ဘာ  ၂၅

နွားထိုးကြီးမို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုမရှိစေရန် လိုက်နာဆောင်ရွက်ရမည့်နည်းလမ်းများအား ပြည်သူများသိရှိစေရေး လိုက်လံအသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၉ နာရီက နွားထိုးကြီး မြို့ပေါ်ရပ်ကွက်များနှင့်  ကျေးရွာများရှိ လမ်းဆုံလမ်းခွများနှင့်လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပေးနှိုးဆော်ချက်များကို ကိုရိုနာဗိုင်းရပ်စ်ရောဂါ မိမိကစ ကာကွယ်ပါ ဟူသည့် ဆောင်ပုဒ်နှင့်အညီ နေအိမ်ပြင်ပထွက်လျှင်မဖြစ်မနေ ပါးစပ်နှာခေါင်းစည်း စနစ်တကျတပ်ဆင် ရေး၊တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်လုပ်ကိုင်ကြစေရေး၊ လူစုလူဝေးရှောင်စေရေး၊ လက်ကိုစက္ကန့်(၂၀)ကြာမကြာ ခဏစနစ်တကျဆေးကြောကြစေရေး၊ပါးစပ်နှာခေါင်းစည်းများတပ် ဆင် မထားသော ဈေးရောင်းသူများထံမှ ဈေးမဝယ်ကြစေရေး၊ တစ်ဦးနှင့်တစ်ဦး အချင်းချင်း အသိ ပေးသတိပေးကြစေရေး၊သက်ဆိုင်ရာ လုပ်ငန်းများအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ထုတ်ပြန်ထားသည့် လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ တိကျစွာလိုက်နာဆောင်ရွက် ရေးနှင့် ကိုရို နာဗိုင်းရပ်စ်ရောဂါ သံသယလက္ခဏာပေါ်ပေါက်လာပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ချက်ချင်း ဆက်သွယ်၍ စောစီးစွာ ကုသမှုခံယူကုစေရေးစသည့် အချက်များအားပြည်သူများသိစေရန်အသိပေး လိုက်လံနှိုးဆော်ပေးခဲ့ကြောင်းသိရ သည်။

အဆိုပါကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများဆောင်ရွက်ခြင်း လုပ်ငန်းကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီဌာန တို့ပူးပေါင်း ဆောင် ရွက်ခဲ့ကြောင်းသိရသည်။

သန်းအောင်ဇော်