ညောင်ဦး နိုဝင်ဘာ ၂၅
နိုဝင်ဘာ၂၈ရက်နေ့တွင် ကျရောက်မည့် ၁၀၁ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြို အမျိုးသားအောင်ပွဲနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ညောင်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယနေ့နံနက် ၉ နာရီအချိန်က အမျိုးသားအောင်ပွဲနေ့ အကြောင်း သိကောင်းစရာများကို ကျောင်းသားကျောင်းသူများသိရှိပြီး မျိုးချစ်စိတ်ဓာတ် ရှင် သန်ထက်မြက်စေရန် ပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ညောင်ဦးမြို့၊ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသူ၊ ကျောင်းသားများအား ညောင်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချိုချိုမာက အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ အမျိုးသားခေါင်းဆောင်ကြီးများ မြန်မာတစ်နိုင်ငံလုံး ပညာရေးအတွက် ကြိုးစားခဲ့ ပုံများကို ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်စားပြီး အမျိုးသားရေး စိတ်ဓာတ်ကိန်းအောင်း နေစေရန် ဟောပြော ဆွေးနွေးခဲ့ကြောင်း၊ အမျိုးသားအောင်ပွဲနေ့အကြောင်း ကျောင်းသားကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ဦးစီးအရာရှိ ဒေါ်ချိုချိုမာမှ ပထမ အင်္ဂလိပ်-မြန်မာ ၊ဒုတိယ အင်္ဂလိပ်-မြန်မာ၊ တတိယအင်္ဂလိပ်-မြန်မာ စစ်ပွဲသုံးကြိမ် ဖြစ်ပွားခဲ့ပြီး သူ့ကျွန်ဘဝရောက်ရှိခဲ့ ကြောင်း၊ မြန်မာနိုင်ငံ လွတ်လပ် ရေးရရှိအောင် ဆောင်ရွက်ခဲ့ရာတွင် အမျိုးသား အောင်ပွဲနေ့ဟာ မြန်မာ့သမိုင်းကြောင်းရဲ့ မမေ့အပ်သောနေ့တစ်နေ့ဖြစ်ကြောင်းတို့ကိုဆွေးနွေးကြသည်။
၁၂၈၂ ခုနှစ်၊ တန်ဆောင် မုန်းလဆုတ် ၁၀ ရက်နေ့တွင် ပေါ်ပေါက်ခဲ့သည့် ကောလိပ်သပိတ် သည် မြန်မာနိုင်ကို ဗြိတိသျှနယ်ချဲ့တို့ သိမ်းပိုက်လိုက်သည်မှစ၍ လူမျိုးခြားလက်အောက်မှ ပြန်လည်လွတ် မြောက်ရေးအတွက် စတင်လိုက်သည့်အမျိုးသားတော်လှန်ရေးကြီးပင်ဖြစ်သည်။ အမျိုးသားတော်လှန်ရေးကြီးမှစ၍ ဝံသာနုစိတ်ဓာတ် အရင်းခံကာ အမျိုးသားစီးလုံး ညီညွတ်မှု ဖြင့် လွတ်လပ်ရေးတိုက်ပွဲဆင်နွှဲပြီး လွတ်လပ်ရေးကို အရယူနိုင်ခဲ့ကြောင်း၊ လွတ်လပ်ရေးရရှိပြီးသည့်တိုင် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက်နေ့ကို အမျိုးသား အောင်ပွဲနေ့သတ် မှတ်ခဲ့ကြသည်။ ဗြိတိသျှအစိုးရသည် ပညာရေးစနစ်သစ် တက္ကသိုလ် အက်ဥပဒေကြမ်းကို ၁၉၂၀ပြည့်နှစ် ဇွန်လတွင် ထုတ်ပြန်ကြော်ငြာသည်။ ထိုဥပဒေကြမ်းသည် မြန်မာပြည်သူများ တက္ကသိုလ်ပညာသင်ကြားခွင့်အား ကန့်သတ် ပိတ်ပင်ရန် ရည်ရွယ်ပြဌာန်းသည့်အတွက် ၁၂၈၂ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက်နေ့၊ ၁၉၂၀ ပြည့်နှစ်၊ဒီဇင်ဘာ ၅ရက်နေ့တွင် ကောလိပ်ကျောင်းသားများဦးဆောင်ကာ ရန်ကုန် တက္ကသိုလ်အက်ဥပဒေကို ဆန္ဒပြသပိတ် မှောက်ခဲ့ကြောင်း၊သစ္စာအဓိဌာန်ပြုကြသော ကျောင်းသားကြီး ၁၁ဦးကိုလည်း နောင်လာ နောက်သား ကျောင်းသား၊ ကျောင်းသူများ မှတ်သားနိုင်စေရန် အမျိုးသားအောင်ပွဲနေ့ အကြို ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
ကိုထိန်၊KPD