မဘိမ်း နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီး၍ ၂ဝ၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင်ကျရောက်မည့် (၁ဝ၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် ၇ နာရီ အချိန်က မဘိမ်းမြို့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့မဈေးနှင့် ကုန်းခါးရပ်ကွက်ဈေးတို့တွင် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။
အဆိုပါလက်ကမ်းစာစောင်တွင် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ၊ ၂ဝ၂၁ ခုနှစ်၊ (၁ဝ၁)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ အမျိုးသားပညာရေး၊ အမျိုးသားနေ့အကြောင်း ကဗျာများ၊ မိန့်ခွန်းများနှင့် ကောက်နုတ်ချက်များပါဝင်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက မြို့မဈေးနှင့် ကုန်းခါးရပ်ကွက်ဈေးအတွင်း ဈေး ရောင်းဈေးဝယ် ပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မျိုးမင်း (ပြန်/ဆက်)