ညောင်ဦး နိုဝင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၁၀၁ နှစ်မြောက် အမျိုးသားအောင်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းအချိန်က လူစည်ကားရာနေရာများနှင့်ကျောင်းများတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ၂၀၂၁ခုနှစ် ၁၀၁ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ မိန့်ခွန်းကောက်နုတ်ချက်များ၊ အမျိုးသားအောင်ပွဲနေ့၊ အမျိုးသားရေးစိတ်ဓာတ်၊ အေးအတူပူအမျှ၊ ရန်ကုန်ယူနီဗာစတီ အက်ဥပဒေကိုသပိတ် မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုသော ကျောင်းသားကြီး ၁၁ ဦး၊ ကဗျာ၊ ဆောင်းပါး စသည့် အကြောင်းအရာများပါဝင်ပြီး ညောင်ဦးမြို့ မဏိစည်သူဈေး၊ ရွှေစည်းခုံဘုရား၊ ဝေဇန္တယာဓမ္မဗိမ္မာန် ကိုဗစ်ဆေးထိုးသည့် ပြည်သူများ၊ ညောင်ဦးမြို့ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ကိုထိန်၊KPD