မိတ္ထီလာ နိုဝင်ဘာ ၂၅
မိတ္ထီလာခရိုင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ကလပ်အသင်းပေါင်းစုံ အမျိုးသား အလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ညနေ ၃ နာရီ အချိန်က ခရိုင်အားကစားကွင်းတွင် ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ ဗိုလ်လုပွဲကို ကျင်းပရာ Bo Kyi FC အသင်း နှင့် UKM FC အသင်းတို့ ပွဲချိန်ပြည့် သရေဖြစ်နေ၍ ပယ်နယ်တီ အဆုံးအဖြတ်စနစ်ဖြင့်ပ ယ်နယ်တီ ကန်သွင်းကြရာ Bo Kyi FC အသင်း ကို UKM FC အသင်းက တစ်ဂိုး-လေးဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။ဆက်လက်၍ ဆုချီးမြှင့်ပွဲကို ကျင်းပရာ ပထမဆုရ UKM FC အသင်းအား ဆုဖလား၊ ဆုငွေများနှင့် တစ်ဦးချင်း ဆုတံဆိပ်များကို ခရိုင်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက လည်းကောင်း၊ ဒုတိယဆုရ Bo Kyi FC အသင်းအားဆုဖလား၊ ဆုငွေများနှင့် တစ်ဦးချင်းဆုတံဆိပ် များကို မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးဇော်အောင် လေးကလည်းကောင်း၊ ပွဲစဉ်တလျောက်အကောင်းဆုံး အားကစား သမားဆုနှင့်နေရာအလိုက် အားကစားဆုများအား ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စိုးနိုင်နှင့် တာဝန်ရှိသူများက လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်သည်။
အဆိုပါ ခရိုင်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ကလပ်အသင်းပေါင်းစုံ အမျိုးသား အလွတ်တန်းဘောလုံးပြိုင်ပွဲအား နိုဝင်ဘာလ ၁ဝ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကျင်းပခြင်းဖြစ်ပြီး ဘောလုံးအသင်း ၈ သင်းပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။
ချမ်းသာ