လှိုင်းဘွဲ နိုဝင်ဘာ ၂၅
ကရင်ပြည်နယ်၊ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကျောင်းသား/သူများအနေဖြင့် နေ့ထူးနေ့မြတ် တစ်နေ့ဖြစ်သော အမျိုးသား အောင်ပွဲနေ့ကို ပြည်သူများ တန်ဖိုးထားပြီး သိရှိနိုင်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေသော (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်း က အခြေခံပညာကျောင်းများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါလက်ကမ်းစာစောင်များတွင် ၂၀၂၁ခုနှစ်၊(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ နိုင်ငံသာယာဝပြောဖို့ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စို့၊ အမျိုးသားအောင်ပွဲနေ့ အကြောင်းအရာများ၊ အေးအတူ ပူအမျှ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဌာန်ပြုသော ကျောင်းသားကြီး(၁၁)ဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ပညာရေးကဏ္ဏသည် အရေးကြီးကြောင်း ပြောကြားခဲ့သည့် မိန့်ခွန်းများ၊ အမျိုးသားရေး စိတ်ဓာတ်၊ ဘုန်းရှင့်မြန်မာ တို့မြန်မာ၊ အမျိုးသားပညာရေး စသည့် အကြောင်းအရာများကို ပြည်သူများ သိရှိနိုင်စေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများက လိုက်လံဖြန့်ဝေ ပေးခဲ့ကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)