ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှ၂၁၇,၄၁၉ ဦး ထိုးပေးနိုင်ပြီဖြစ်

ညောင်ဦး  နိုဝင်ဘာ  ၂၅

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေး ထိုးပေးနိုင်မှု အခြေ အနေ ယနေ့နံနက်ပိုင်း အချိန်ထိ ၂၁၇၄၁၉ ဦး ထိုးနှံပေး ခဲ့ပြီဖြစ်ကြောင်း ၊ညောင်ဦးခရိုင်၊ ခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ထံက သိရသည်။

ညောင်ဦးခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးနိုင်ရန် ကျောက်ပန်း တောင်းမြို့နယ်တွင် သတ်မှတ်စုရပ်(၁၂)နေရာ၊ ညောင်ဦးမြို့နယ်တွင်သတ်မှတ်စုရပ် နေရာ(၁၂)နေရာဖြင့် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ညောင်ဦးမြို့နယ်တွင် ပထမအကြိမ် Sinopharm ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်မှု ၅၄၁၃၀ ဦး၊ Sinopharm ဒုတိယအကြိမ် ၃၇၄၇၀ဦး၊ Sinovac ပထမအကြိမ် ၃၃၁၆ ဦး၊ Sinovac ဒုတိယအကြိမ် ထိုးပေးနိုင်မှု ၂၄၁၄ ဦး၊ စုစုပေါင်း ၉၇၃၃၀ ဦးထိုးနိုင်ပေးခဲ့ပြီဖြစ်ကာ ကျောက်ပန်းတောင်း မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ပထမအကြိမ်ထိုးပေးနိုင်မှု ၆၆၂၁၅ ဦး၊ ဒုတိယအကြိမ် Sinopharm ထိုးပေးနိုင်မှု ၄၅၁၇၈ ဦး၊ Sinovac ပထမအကြိမ် ထိုးပေးနိုင်မှု ၄၄၉၄ဦး၊ Sinovac ဒုတိယအကြိမ် ၄၂၀၂ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ်ကာ ပေါင်း ၁၂၀၀၈၉ ဦး ညောင်ဦး၊ ကျောက်ပန်းတောင်းပေါင်း ၂၁၇၄၁၉ ဦး ထိုးနိုင်ပေးနိုင်ပြီ ဖြစ်ကြောင်း ဆေးခွဲတမ်းရရှိမှုအပေါ် ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း ဝေးလံသည့် ကျေးရွာများသို့လည်း နယ်လှည့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးအဖွဲ့များဖြင့် လိုက်လံထိုးနှံပေးလျက်ရှိကြောင်း ညောင်ဦးခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်ထံက သိရသည်။

ကိုထိန်၊KPD