ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက် ကျေးလက်ကျန်းမာရေးဦးစီးငှာနတွင် မွေးစမှအသက်(၁)နှစ်ခွဲ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအား ပုံမှန်ကာကွယ်ဆေး စတင်ထိုးနှံ

ပိုင်ကျုံ     နိုဝင်ဘာ   ၂၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက် ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ မွေးစမှအသက်(၁)နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေး ထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီး များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းကို  ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက် ကျေးလက်ကျန်းမာရေးဦးစီးငှာနတွင် ယနေ့နံနက်ပိုင်း အချိန်က ပုံမှန်ကာကွယ်ဆေး စတင်ထိုးနှံ‌ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့်အညီ မွေးစမှအသက်(၁)နှစ်ခွဲ ကလေးငယ်များအား ဆုံဆို့နာ၊ ကြက်ညှာ ချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ ဘီရောဂါနှင့် ဦးနှောက်အမြှေးရောင် ရောဂါများကို ကာကွယ်နိုင် ရန်အတွက် ကာကွယ်ဆေးထိုးနှံခြင်း/ တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများအား ကိုယ်ဝန် ဆောင်ချိန်တွင် ကျန်မာရေးနှင့်ပတ်သက်၍ အလေးထားဆောင်ရွက်ရန်၊ ရောဂါလက္ခဏာတစ်ခုခု ဖြစ်ပေါ်လာပါက ဆေးရုံ/ဆေးခန်းတွင် အမြန်ဆုံး သွားရောက်ပြသရန် လိုအပ်ကြောင်း အသိပညာပေးခြင်းနှင့် မေးခိုင်ရောဂါ ကာကွယ်ဆေးထိုးနှံမှုများ ဆောင်ရွက်ပေး လျက်ရှိ ကြောင်း သိရှိရသည်။

ပိုင်ကျုံ (ပြန်/ဆက်)