ရန်ကုန် နိုဝင်ဘာ ၂၅
ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရန်၊ စာပေဖတ်ရှုသည့် အလေ့အထများ ရရှိစေရန်၊ လူငယ်များ အနေဖြင့် ပြောဆိုဆွေးနွေးတတ်သည့် အလေ့အထများ ရရှိစေရန် ရည်ရွယ်၍ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် နတ်ရှင်(ရွှေဂူ)ရေးသားသည့် "လူငယ်များကို ပျိုးထောင်ပေးပါ" စာအုပ်ဖြင့် ယမန်နေ့ နံနက် ၉ နာရီက စာဖတ်ဝိုင်းကျင်းပ ဆောင်ရွက်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပြီး ဆရာ ဦးဟန်သိန်း(ဟန်သိန်း-သဇ္ဇန)မှ လူငယ်များကို ပျိုးထောင်ပေးပါ၊ ပတ်ဝန်းကျင်ကောင်းကို တန်ဖိုးထားပါ၊ အတွေးများ လှစေချင်သည် စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးပြောကြားရာ တက်ရောက်လာသော စာပေချစ်မြတ်နိုးသူများမှ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။
မြင့်မြင့်ရီ