လယ်ဝေး နိုဝင်ဘာ ၂၄
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ( လူထုအခြေပြုဗဟိုဌာန)တွင် ယမန်နေ့ မွန်းလွဲ(၂)ရီက (၁၀၁)နှစ်မြောက်အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ် Talk Show ကျင်းပခဲ့သည်။
အဆိုပါ Talk Showတွင် လယ်ဝေးမြို့နယ်ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင် လယ်ဝေးမြို့၊ စာရေးဆရာအသင်းဥက္ကဌ ဒေါ်ခိုင်သူဇာဝင်း (စာရေးဆရာမ ခင်လယ်လယ်ချစ် မြန်/ဂုဏ်)၊ အတွင်းရေးမှူး ဦးဇော်အောင် (စာရေးဆရာဟိန်းအောင်) တို့က အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများနှင့် အမျိုးသားအောင်ပွဲနေ့သည် မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် အရေးပါသည့်နေ့ထူးနေ့မြတ်ဖြစ်ကြောင်း စသည့်အကြောင်းအရာများ ကို ဆွေးနွေးခဲ့သည။
(၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ်ဆောင်ရွက်သည့် Talk Showအား We Love Leiway Pageမှ နှစ်ပိုင်းခွဲ၍ ထုတ်လွှင့်မည်ဖြစ်ပြီး လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ လယ်ဝေးမြို့နယ် ပြည်သူ့စာကြည့်တိုက် Pageနှင့် We Love Leiway Pageတို့မှ သတင်းများ၊ ပုံပြော၊ ကဗျာရွတ်၊ အသိပညာပေး Talk Show၊ ရွှေသွေးကာတွန်း၊ စာအုပ်မိတ်ဆက်၊ ဆေးရောင်ခြယ်ခြင်း၊ အရုပ်ခေါက်ခြင်းနှင့် တီထွင်ဖန်တီးမှုများ စသည့်လှုပ်ရှားမှုများအား ရိုက်ကူးတင်ဆက် ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)