ကျိုင်းလပ်မြို့၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ကျိုင်းလပ်      နိုဝင်ဘာ     ၂၅

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေး ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များတွင် အခမဲ့ ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် ၂၀၂၁ ခုနှစ်၊ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား တွေ့ဆုံပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်၊ အမျိုးသာရေး စိတ်ဓာတ်၊ အေးတူပူအမျှ၊ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဋ္ဌာန် ပြုကြသော ကျောင်းသားကြီး (၁၁)ဦး၊ အမျိုးသားအောင်ပွဲနေ့ အစရှိသည့် အကြောင်းအရာများ၊ ရေနံ့သာမောင်ကျော်ညွန့်ရေးသားသည့် “ဘုန်းရှင့် မြန်မာတို့ မြန်မာ” ကဗျာ အစရှိသည့် ဗဟုသုတ ဆိုင်ရာ အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။

ဖြူဖြူဝင်း (ပြန်/ဆက်)‌