နောင်တရား နိုဝင်ဘာလ ၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရား မြို့ အ.ထ.ကကျောင်း၌ အသက်(၁၈)နှစ်အထက် စတုတ္ထသုတ်ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသူ (၈၈၅)ဦး ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံတော်မှ ကာကွယ်ဆေးလုပ်ငန်း များကို ဦးစားပေးအစီအလိုက် ဆောင်ရွက်ပေးလျက်ရှိပြီး ကျေးရွာအုပ်စုများအတွင်းမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများကို စတုတ္ထသုတ်၊ ပထမအကြိမ်အဖြစ် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် နောင်တရားမြို့ အ.ထ.ကကျောင်း၌ ကာကွယ်ဆေး ထိုးနှံ ပေးလျက်ရှိပြီး ကာကွယ်ဆေးလာရောက်ထိုးနှံသူ (၈၈၅)ဦး ရှိသည်။ နောင်တရားမြို့ အမှတ် (၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ ပေါ့ယားကျေးရွာအုပ်စု၊ နောင်ပီကျေးရွာ အုပ်စု၊ နန်းပုလင်းကျေးရွာအုပ်စု၊ ပေါ့အင်ကျေးရွာအုပ်စု၊ မြောက်ထီဗွာကျေးရွာအုပ်အတွင်းမှ ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများကို နောင်တရားမြို့ အ.ထ.ကကျောင်းစုရပ်၌ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ထပ်မံထိုးပေးသွားမည်ဟု သိရသည်။
ခွန်အောင်(နောင်တရား)