ကျိုင်းလပ် နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ကို ယမန်နေ့ နံနက်ပိုင်းတွင် ကျိုင်းလပ်မြို့ ပြည်သူ့ဆေးရုံ၌ အသက် ၁၈ နှစ် အထက် ပြည်သူများအား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံမှုကို ကျိုင်းလပ်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်လင်းအောင်နှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုပေးခဲ့ပြီး ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကာကွယ်ဆေး လာရောက်ထိုးနှံခြင်း မပြုမီ ကိုယ်ပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ ဆောင်ရွက်ပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးကို စနစ်တကျ ထိုးနှံပေးကြောင်း သိရသည်။
ကျိုင်းလပ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမည့်သူများ မကျန်ရှိစေရေးအတွက် စနစ်တကျ စာရင်းကောက်ယူပြီး ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဖြူဖြူဝင်း (ပြန်/ဆက်)