တောင်ဥက္ကလာပ နိုဝင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က (၁၀၁)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို မူလတန်းဆင့်ပန်းချီ ဆေးရောင်ခြယ် ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲအခမ်းအနားကို ကျောင်းသား၊ ကျောင်းသူများ ပန်းချီအနုပညာများ ရင်းနှီးမှုရှိစေ ရန်၊ အရောင်များ ရွေးချယ်တတ်စေရန်နှင့် အမျိုးသားအောင်ပွဲနေ့ကို အမှတ်ရစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ပညာရေးဌာန၊ မြို့မိမြို့ဖတို့ ပူးပေါင်း၍ အ. မ. က (၁၁)မှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် (၁၀၁)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ပန်ချီးဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးချီးမြှင့်ပေးခဲ့ပြီး အမှတ်(၁၀)ရပ်ကွက် မြို့မိမြို့ဖဖြစ်သူ ဦးမြင့်ဆန်းမှ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ အားလုံးကို ကျောင်းဝတ်စုံအင်္ကျီဖြူများ လက်ဆောင်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)