နောင်တရား နိုဝင်ဘာလ ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် စာအုပ်စာစောင် ပြပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် ဆောင်ရွက်သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်မူမြစောက (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် စာအုပ်စာစောင် ပြပွဲဆောင် ရွက်ရသည့်ရည်ရွယ်ချက်ကိုပြောကြားသည်။ ထို့နောက် ကျောင်းသားကျောင်းသူ များနှင့် စာပေချစ်မိတ်ဆွေများက ခင်းကျင်းပြသထားသည့် ကလေးစာပေများ၊ သတင်းစာများ၊ သုတရသ စာအုပ်များကို လေ့လာဖတ်ရူပြီး မိမိတို့စိတ်ဝင်စားကြိုက်နှစ်သက်သည့် စာအုပ်များ ကို ပြည်သူ့စာကြည့်တိုက်မှ ငှားရမ်းဖတ်ခဲ့ကြောင်းသိရသည်။
ခွန်အောင် (နောင်တရား)