နမ့်စန်တွင် ၁၀၁ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များဖြန့်ဝေ

နမ့်စန်()     နိုဝင်ဘာ   ၂၅

ရှမ်းပြည်နယ်တောင်ပိုင်းလွိုင်လင်ခရိုင်နမ့်စန်မြို့နယ်တွင် ၁၀၁ နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နံနက် နာရီတွင် နမ့်စန်မြို့ အမှတ် (၃) ရပ်ကွက်ရှိ မြို့မစည်ပင်သာယာဈေးနှင့် လူစည်ကားသောနေရာများတွင် လိုက်လံဖြန့်ဝေ ပေးခဲ့ကြောင်းသိရသည်။

မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာအောင် နှင့် ဝန်ထမ်းများက မြို့မစည်ပင်သာယာဈေးတွင် ဈေးရောင်းဈေးဝယ်နေသူများ၊ ဌာနဆိုင်ရာ ရုံးများရှိ ဝန်ထမ်းများနှင့် လူစည်ကားရာ နေရာများတွင် သွားလာနေကြသူများကို  သတင်း စကား လက်ကမ်းစာစောင် စုစုပေါင်း အစောင် ()စောင်အား အခမဲ့လိုက်လံ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

အဆိုပါသတင်းစကားလက်ကမ်းစာစောင်တွင် ၂၀၂၁ ခုနှစ် (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ ဦးတည်ချက်များ၊ (၉၄)နှစ်မြာက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာမှ ကောက်နုတ်ချက် ၊ ဗိုလ်ချုပ်အောင်ဆန်း ၂၀.၁.၁၉၄၆ ရက်နေ့ ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင်‌ ပြောကြားသည့်မိန့်ခွန်းမှကောက်နုတ်ချက်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ် ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ရန်ကုန်တိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက် ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး ၁၁ ဦး ၊ အမျိုးသားအောင်ပွဲနေ့ အကြောင်း ၊ စသည်တို့နှင့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ကဗျာများ ပါဝင်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်