ကော့ကရိတ် နိုဝင်ဘာ ၂၄
ကရင်ပြည်နယ်၊ကော့ကရိတ်ခရိုင်၊ကော့ကရိတ်မြို့နယ်တွင်ကိုဗစ်၁၉ရောဂါကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရန်အတွက အသိပညာပေးနှိုးဆော်ခြင်းကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီဌာနဝန်ထမ်းများမှ ယနေ့နံနက် ၁၀နာရီအချိန်ကမြို့ပေါ်ရပ်ကွက်များသို့အသိပညာပေး နှိုးဆော်ခြင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့နှိုးဆော်အသိပညာပေးဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရေး၊ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အိမ်တွင်း၌သာ နေထိုင်ရန်၊ မဖြစ်မနေအပြင်ထွက်ရပါကနှာခေါင်းစည်းMaskတပ်ဆင်ရန်၊တစ်ဦးနှင့်တစ်ဦးခြောက်ပေအကွာနေထိုင်ရန်၊ လူစုလူဝေးပြုလုပ်သွားလာခြင်းရှောင်ကြရန်၊ တစ်ခုခုကိုကိုင်တွယ်ပြီး တိုင်းလက်ကို ဆပ်ပြာနှင့်အနည်းဆုံးစက္ကန့်(၂၀)ကြာအောင်စနစ်တကျဆေးရန်၊ရောဂါပိုးကူးစက်ခံရသည်ဟုသံသယရှိပါကနီးစပ်ရာကျန်းမာရေးဌာနသို့ဆက်သွယ်ပြီးဆေးကုသမှုခံယူရန်စသည့်အချက်များကိုအသိပညာပေး လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)