ကျောက်တလုံးကြီး နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊တောင်ကြီးခရိုင်၊ကျောက်တလုံးကြီးမြို့၊နောင်ခဲကျေးရွာအုပ်စု၊ထီနဲကျေးရွာနှင့်ထီတမောင်းကျေးပြည်သူများအားRDT Test Kitဖြင့်Covid-19ရောဂါပိုးရှိ/ မရှိစစ်ဆေးခြင်း နှင့် ဆေးထိုးအကျုံးဝင်သူများအား Covid-19 ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက် ၁၀နာရီခန့်က ထီနဲဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
ထိုသို့ Covid-19 ရောဂါပိုးရှိ/မရှိစစ်ဆေးပေးရာတွင် ကျောက်တလုံးကြီးမြို့ ကျေးလက်ကျန်းမာရေးဌာနခွဲမှ ကျန်းမာရေးဝန်ထမ်းနှင့် ဟမ်းဆီးကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများတို့က နောင်ခဲကျေးရွာအုပ်စု၊ ထီနဲကျေးရွာနှင့် ထီတမောင်းကျေးရွာတို့မှ ပြည်သူ(၈၃)ဦးအား RDT Test Kit ဖြင့် စစ်ဆေးပေးခဲ့ရာ(၁)ဦးရောဂါပိုးတွေ့ရှိပြီး ရောဂါပိုးမရှိသူများအား Covid-19 ရောဂါကာကွယ်ဆေး (Sinopharm )အား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါCovid-19ရောဂါပိုးရှိ/မရှိ စစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးအကျုံးဝင်သူများအား Covid-19 ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ကျောက်တလုံးကြီးမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရုံးအုပ်ဦးခွန်ကျော်ဟိုးနှင့် ရပ်ကျေးစာရေးဝန်ထမ်းများ၊ ကျောက်တလုံးကြီးမြို့ မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးခွန်သားငယ်နှင့်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ၊ ကျေးရွာအုပ်စု၊အုပ်ချုပ်ရေးမှူးများက ပူးပေါင်းပါဝင်ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
မြဝင်း(ကျောက်တလုံးကြီး)