ပြင်ဦးလွင် နိုဝင်ဘာ ၂၄
(၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြိုအထိမ်းအမှတ်အဖြစ် မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့စာကြည့်တိုက်၌ယနေ့ နံနက် (၁၀) နာရီ က နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ နှင့် စာအုပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ( ၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်၊ဓါတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲကို ပြင်ဦးလွင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဦးဆောင်ကျင်းပပြသရာ အမက (၃) ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများကလာရောက်ကြည့်ရှုဖတ်ရှုကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ထုတ်ဝေသည့်(၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကိုဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)