သရက်ချောင်း နို၀င်ဘာ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ၀န်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်လွင်နှင့် ၀န်ထမ်းများက ယနေ့ နံနက်(၁၀)နာရီအချိန်က ပန်းခင်းစီမံချက်ဖြင့် အစ်အစ်ကျေးရွာ အ-ထ-က စာသင် ကျောင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်များကို ကွင်းဆင်း၍ ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် သရက်ချောင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးမောင်မောင်လွင်နှင့် ၀န်ထမ်းများက အစ်အစ်ကျေးရွာအတွင်း နေထိုင်လျက်ရှိသည့် ကျေးလက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ် အသစ်(၁၀)နှစ်ပြည့်၊ အသက်(၁၈) နှစ်ပြည့် ပြုလုပ်ပေးခြင်း၊ အိမ်ထောင်စုစာရင်းပြုလုပ် ပေးခြင်းတို့အား ဆောင်ရွက်ပေးခဲ့ရာ အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၆၃)ဦး၊ အသက်(၁၈)နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ်ပြား(၁၇)ဦး၊ စုစုပေါင်း (၈၀)ဦးတို့အား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းကို ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်း၍ မေလ ၃ ရက်နေ့မှစတင်ကာ ဆောင်ရွက်ပေး လျက်ရှိရာ မိမိတို့မွေးဖွားဇာတိမြေ အမြဲနေထိုင်ကာ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများ၊ လက်ရှိဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းမရှိသူများနှင့် ရွေ့ပြောင်းနေထိုင်သူများအနေဖြင့် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ သိရသည်။
အေးနွယ်၀င်း