မိုင်းဖြတ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လိုက်နာရမည့် အချက်များအား အသိ​ပေးနှိုး​ဆော်

မိုင်းဖြတ် နိုဝင်ဘာ ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုများကို ထိန်းချုပ်နိုင်ရေး အတွက် အသိပညာ​ပေးလုပ်ငန်းများ​ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ည​နေ ၃ နာရီက တာမကျေးရွာနှင့် ​နမ့်နန်း(အာခါ) ကျေးရွာတို့၌ Hand Speaker ဖြင့် အသိပေးနှိုးဆော်ခဲ့သည်။

ထိုသို့ အသိပေးပညာ​ပေးနိုးဆော်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မှဝန်ထမ်းများ၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာ ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ ကြိုတင်ကာကွယ်ရေးနည်း လမ်းများဖြစ်သည့် လက်ကိုဆပ်ပြာဖြင့် စနစ်တကျဆေးကြောရေး၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်ရေး၊ တက်နိုင်သမျှ နေအိမ်ထဲမှာသာနေထိုင်ရေး၊ မဖြစ်မနေအပြင်သို့ထွက်ရပါက နှာခေါင်းစည်း (Mask) တပ်ဆင်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ် ထိန်းချုပ်ရာတွင် ပူးပေါင်းဆောင်ရွက်ရေးစသည့် အချက်များကို ရှမ်း/မြန်မာ နှစ်ဘာသာဖြင့် အသိပေးနှိုးဆော်ခဲ့သည်။

ဆက်လက်၍ အထူးစီမချက်ဖြင့် ကိုဗစ်-၁၉​ရောဂါ ကူးစက်ပြန့်ပွား​မှုများ ​လျော့နည်းပ​ပျောက်စေ​ရေးအတွက် ကျန်းမာ​ရေး ဝန်ထမ်းများ၊ လူမှု​ရေးအသင်းဖွဲ့များပူး​ပေါင်းပြီး ကိုဗစ်- ၁၉​ရောဂါ ရှီ/မရှိ (အခမဲ့) စစ်​ဆေး​ပေးရာ၌ လာ​ရောက်စစ်​ဆေး​ပေးနိုင်​ရေး၊ ပူး​ပေါင်း​ဆောင်ရွက်​ပေးနိုင်​ရေးတို့ကို ​ အသိ​ပေးနှိုး​ဆော်ခဲ့​ကြောင်း သိရသည်။

​​သန်းထွန်း​အေး