နမ္မတူမြို့နယ်တွင် “ပန်းခင်း” စီမံချက်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

နမ္မတူ နိုဝင်ဘာ ၂၄

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နမ္မတူမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက “ပန်းခင်း” စီမံချက်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဖြန့်ဝေဆောင်ရွက်ရာတွင် မြန်မာနိုင်ငံသာများဖြစ်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ် မျိုးမျိုးထုတ်ပေးရေး “ပန်းခင်း” စီမံချက်နှင့် ပတ်သတ်၍ သိမှတ်ဖွယ်ရာများ၊ ရှေ့ပြေးလျှောက်လွှာ များကို မြို့နယ်လဝကရုံးများ၌ အခမဲ့တောင်းခံနိုင်သည့် အချက်များ၊ နိုင်ငံသား စိစစ်ရေး ကတ်ပြား လျှောက်ထားရန်အတွက် ပြည်သူများမှ ကူညီပေးရမည့်ကိစ္စများ၊ မေးမြန်းစုံစမ်းရန် ဖုန်းနံပါတ်များ စသည့် အချက် အလက်များပါဝင်သော “ပန်းခင်း”စီမံချက်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင် များအား အများပြည်သူကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး လူစည်ကားသည့် နေရာများဖြစ်သော မြို့မဈေး၊ ဈေးအနီးရှိ ဗိုလ်ချုပ်လမ်းမ တစ်လျှောက် သွာလာလှုပ်ရှားလျက်ရှိသည့် ပြည်သူများ၊ ဈေးဆိုင်ခန်းများနှင့် လူနေအိမ်များသို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ နမ္မတူမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးစိုင်းထွန်းလှထံက သိရသည်။

လူမော် (ပြန်/ဆက်)