ချမ်းအေးသာစံမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားနေမှုအား သွားရောက် ကြည့်ရှုအားပေး

ချမ်းအေးသာစံ   နိုဝင်ဘာလ ၂၄

မန္တလေး၊ ချမ်းအေးသာစံမြို့နယ်တွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ၏ စာသင်ကြားနေမှုများကို ယနေ့ နံနက်ပိုင်းက မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ထိုသို့ သွားရောက်ကြည့်ရှု အားပေးရာတွင် ချမ်းအေးသာစံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ချမ်းအေးသာစံမြို့နယ် အတွင်းရှိ အမှတ် (၅) အခြေခံပညာ မူတန်းကျောင်း၊ အမှတ် (၁၂) အခြေခံပညာ မူလတန်း ကျောင်းနှင့် အမှတ် (၁၀) အခြေခံပညာ မူလတန်းကျောင်းတို့ရှိ ကျောင်းသား၊ ကျောင်းသူများ စာသင်ကြားနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထိပ်ထားနိုင်