ဗန်းမော် နိုဝင်ဘာ ၂၄
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ဒေသခံပြည်သူများအား နေ့ထူးနေ့မြတ်များအကြောင်းကို သိရှိနိုင်စေရန် ရည်ရွယ်၍ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၁ဝ နာရီက ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြသက်ဦးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်ရှိ လမ်းသွားလမ်းလာပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကားလမ်းကမ်းစာစောင်တွင် ၂၀၂၁ ခုနှစ် (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ ဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂ဝ၂၁ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်၊ အမျိုးသားရေးစိတ်ဓာတ်၊ အမျိုးသားပညာရေး၊ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၊ ရေနံ့သာမောင်ကျော်ညွန့် ရေးသားသော ဘုန်းရှင့်မြန်မာ တို့မြန်မာကဗျာ အစရှိသည့်အကြောင်း အရာများ၊ အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်သော အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။
ကိန်းဖြူ