လှိုင်းဘွဲမြို့နယ်တွင် အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား/သူများအား တတိယအသုတ်(ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

လှိုင်းဘွဲ   နိုဝင်ဘာလ   ၂၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် အသက်(၁၂)နှစ်အထက်အခြေခံပညာအလယ်တန်း၊ အထက် တန်း ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် တတိယအသုတ် (ဒုတိယ အကြိမ်)ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသော ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပြန်လည်ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ထိုးနှံပေး ခဲ့ကြောင်းသိရသည်။

အဆိုပါထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေး ဝန်ထမ်းများ၊ ဆရာ/မများနှင့် တာဝန်ရှိသူများက ပူးပေါင်း၍ ကျောင်းသား/သူများအနေဖြင့် ကျောင်းတက်ချိန်တွင်  ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် လှိုင်းဘွဲမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်းများ မှ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလမ်းညွှန်ချက် နှင့်အညီ ထိုးနှံပေးခဲ့ပြီး ရွှေဂွန်းအထကကျောင်း၊ မြိုင်ကြီးငူ အထကကျောင်းနှင့် ရှမ်းရွာသစ် အထကကျောင်း တို့တွင်လည်း ကာကွယ်ဆေးများထိုးနှံပေးခဲ့ကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)