ဘုတ်ပြင်း နိုဝင်ဘာ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်၌ နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှထုတ်ဝေ သည့် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်က ဘုတ်ပြင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အထက-ဘုတ်ပြင်း ကျောင်းတွင် ကျောင်းသား၊ ကျောင်သူများအား အသိပညာပေး ဖြန့်ဝေပေးလျက်ရှိသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ၂၀၂၁ ခုနှစ်၊ ၁၀၁ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည် ချက်များ၊ မိန့်ခွန်း မှကောင်နုတ်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၁၁.၄.၂၀၂၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသ ကြီးစီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံပြောကြားသည့် အမှာစကားမှကောက်နုတ်ချက်၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၏ အမည်များ၊ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာသည့် သမိုင်းအကြောင်း အရာများ၊ ရေနံသာမောင်ကျော်ညွှန့်ရေးသားသည့် ဘုန်းရှင့်မြန်မာ တို့မြန်မာကဗျာ၊ ဆောင်ပုဒ်များအစရှိသည့် အကြောင်း အရာများပါဝင်သော သတင်းစကား လက်ကမ်းစာစောင်ကို အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)