သံတောင်ကြီး နိုဝင်ဘာ ၂၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် အမျိုးသားအောင်ပွဲနေ့ဆိုင်ရာ အကြောင်း အရာများ၊ အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်သည့် ဓါတ်ပုံအကြောင်းအရာများကို အများပြည်သူ သိရှိစေပြီး အသိပညာ ဗဟုသုတရရှိစေရန်အတွက် (၁၀၁) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် နံရံကပ် စာစောင်၊ ဓါတ်ပုံပြပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန Community Centre၌ ပြသ ဆောင်ရွက်ခဲ့သည်။
အဆိုပါ နံရံကပ်စာစောင်နှင့် ဓါတ်ပုံပြပွဲတွင် အမျိုးသားအောင်ပွဲနေ့၏ နောက်ခံသမိုင်း အကြောင်းအရာများ၊ အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ၊ အမျိုးသားအောင်ပွဲနေ့သိသင့်သိထိုက် သည့် အကြောင်းအရာများ၊ ဓါတ်ပုံများ၊ ဆောင်းပါးများ ၊ ဆောင်ပုဒ်များနှင့် အမျိုးသားအောင်ပွဲနေ့ ဂုဏ်ပြုကဗျာများ ထည့်သွင်းပြသဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အများပြည်သူ အသိပညာဗဟုသုတရရှိစေရန် နံရံကပ်စာစောင်နှင့် ဓါတ်ပုံပြသဆောင်ရွက်ခြင်းများအား နေ့ထူး နေ့မြတ်ရက်များနှင့် အချိန်ကာလနှင့် လျော်ညီသည့် အကြောင်းအရာများကို လစဉ်လဲလှယ် ပြသ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)