သံတောင်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် (Talk Show) ဆောင်ရွက်

သံတောင်ကြီး နိုဝင်ဘာ၂၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community   Centre  ခန်းမတွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အသိ ပညာပေး (Talk   Show) ကို ယနေ့နံနက်ပိုင်း အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနော်လော်မူက နိုဝင်ဘာ (၂၈) ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြောင်းကို လူငယ် လူရွယ်များ သိစေရန်နှင့် အစဉ်အမြဲ သတိရစေရန်အတွက် ယခုကဲ့သို့ ဆွေးနွေးပွဲ (Talk   Show) ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် သံတောင်ကြီးမြို့နယ် ဒေါ်နော်ယွာဟေနေထူး ((Book   Club) အဖွဲ့ဝင်က အမျိုးသားနေ့ ဖြစ်ပေါ်လာပုံသမိုင်း အကြောင်း၊ အမျိုးသားရေး စိတ်ဓါတ်ရှင်သန်ထက်မြက်စေရန်နှင့် အမျိုးသားရေးနေ့အောင်ပွဲဆိုင်ရာ သိသင့်သိထိုက်သည် များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)