ကျောက်ဆည်မြို့နယ်တွင် ဆိုင်ကယ်စီးနင်းသူများအတွက် ထုတ်ပြန်ထားသော ဒေသန္တရအမိန့်အား ပြည်သူ များ သိရှလိုက်နာစေရေး ဆောင်ရွက်

ကျောက်ဆည်  နိုဝင်ဘာ၂၄

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်အတွင်းနေ ထိုင်ကြသောပြည်သူများ လုံခြုံမှုရှိစေရေးနှင့် အေးချမ်းသာယာမှုရှိစေရေး ဆိုင်ကယ်စီးနင်းသူများအတွက် ထုတ်ပြန်ထားသော ဒေသန္တရအမိန့်အား ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာစေရေး အတွက် ယနေ့နက်(၈)နာရီ အချိန်ကစပြီး ကြက်မင်းတွန် မီးပွိုင့်၊ ရွှေရတီမီးပွိုင့်၊ မြို့လယ်မီးပွိုင့်နှင့် အခြားလူစည်ကားသည့် လမ်းဆုံ၊လမ်းခွများတွင် အသံချဲ့စက်ဖြင့် အသိပေးကြေညာခဲ့ပြီး အသိပေးကြေညာချက် စာရွက်များကို ခရီးသွားပြည်သူများအား ဝေငှခဲ့ကြောင်း သိရှိ ရသည်။

ဒေသန္တရအမိန့်ကြေညာခြင်းနှင့် အမိန့်စာဝေငှခြင်းများ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်ရဲတပ်ဖွဲ့ဝင်များ အမှတ်(၉၁) ယာဉ်ထိန်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရကာ ဒေသန္တရအမိန့်စာတွင် ကျောက်ဆည်မြို့နယ်အတွင်း ဆိုင်ကယ်စီးသူများအနေဖြစ် ဆိုင်ကယ်စီးရာတွင် ဆိုင်ကယ်တစ်စီး တွင် အမျိုးသားနှစ်ဦးမစီးရ၊ အမျိုးသမီး တစ်ဦးနောက်တွင် အမျိုးသားတစ်ဦး လိုက်ပါစီးနင်းခြင်းမပြုရ၊ အမျိုးသားတစ်ဦးနောက်တွင် အမျိုးသမီးတစ်ဦး လိုက်ပါစီးနင်းနိုင်သည်၊ အမျိုးသမီးနှစ်ဦး စီးနင်းနိုင်သည်၊ စသည့်အကြောင်းများ ပါဝင်ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)