ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ပေါ့လျော့မှုရှိစေရန် အခြေခံပညာ ကျောင်းသား/ သူများအား ပါးစပ်နှာခေါင်း စည်းများဖြန့်ဝေ

ကော့သောင်း နိုဝင်ဘာ ၂၄

အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ကာ ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအတွင်း  ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရေး ရည်ရွယ်ကာ ကော့သောင်းခရိုင်နှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ယနေ့နံနက်ပိုင်းက မြို့ပေါ် အခြေခံပညာကျောင်းများသို့ ပါးစပ်နှာခေါင်းစည်းများ လိုက်လံဝေငှပေး အပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံနှင့်အဝှမ်း ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများနှင့်တစ်ဆင့် ကူးစက်ခံရသူများ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖြစ်ပွားမှုများ ဆက်လက်ပေါ်ပေါက်လျက်ရှိသဖြင့် ပညာသင်ကြား လျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ ပါးစပ်နှာခေါင်း စည်းများ တပ်ဆင်ကာ ပညာသင်ကြား ခြင်းဖြင့် ရောဂါထိန်းချုပ်ရေးအသိ ပေါ့လျော့ခြင်းမဖြစ်ကြစေရန် စစ်ဗျူဟာအဖွဲ့ (အခြေချ) (ကော့သောင်း) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ဇော်လင်း၊ ကော့သောင်းခရိုင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်၊ မြို့နယ်ဥက္ကဋ္ဌ ဦးအောင်ချိုနှင့်တာဝန်ရှိသူများက ကော့သောင်းမြို့ပေါ်ရပ်ကွက်များအတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်း/သူများအား ပါးစပ်နှာခေါင်း စည်းများ လိုက်လံဝေငှပေးအပ်ကြခြင်း ဖြစ်သည်။

ကော့သောင်းမြို့နယ်အနေဖြင့် ၂၀၂၁-၂၂ပညာသင်နှစ်အတွင်း ပြန်လည်ဖွင့်လှစ် ပညာသင်ကြား ပေးလျက်ရှိသည့် အခြေခံပညာ ထက်/လယ်/မှု ကျောင်းပေါင်း (၇၂)ကျောင်းရှိပြီး ယနေ့ဖြန့်ဝေပေး အပ်မှုအဖြစ် အထက(၁)၊ အထက(၂)၊ အလက(ခွဲ) ခုနှစ်မိုင်၊မူလတန်းလွန်ကျောင်း-၂မိုင်၊ အထက(ခွဲ) အလက(၂) ရွှေမင်းဝံ၊ စသည့် အခြေခံပညာကျောင်း(၅)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ပါးစပ်နှာခေါင်းစည်းများ လိုက်လံဝေငှပေးအပ်ကြခြင်းဖြစ်ကာ ကျန်အခြေခံပညာ ကျောင်းများအား လည်း ဆက်လက်ဖြန့်ဝေပေးသွားမည်  ဖြစ်ကြောင်းသိရသည်။

ကျော်စိုး (ကော့သောင်း)