နောင်ချိုမြို့နယ်၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

နောင်ချို     နိုဝင်ဘာ  ၂၄ ရက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲ နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် (၀၉၃၀)နာရီအချိန်က နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက အများပြည်သူ ဖတ်ရှုလေ့လာနိုင်ရန်အတွက် မြို့နယ်ခန်းမနှင့်ဆေးထိုးစုရပ်များ၌ ပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင်၂၀၂၁ ခုနှစ်၊(၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက် များ၊ အမျိုးသားအောင်ပွဲနေ့သမိုင်းကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကော်မတီ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၁၁.၄.၂၀၂၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံပြောကြားသည့် အမှာ စကားမှ ကောက်နုတ်ချက်၊ အမျိုးသားအောင်ပွဲနေ့ ဂုဏ်ပြုကဗျာ၊(၉၄)  နှစ်မြောက်  အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာမှ  ကောက်နုတ်ချက်  စသည့် အကြောင်းအရာများ ပါဝင်ခဲ့ပြီး သတင်း စကားလက်ကမ်းစာစောင်များကိုပြည်သူများ အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်း စရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ရည်ရွယ်၍ ဖြန့်ဝေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထွေးငယ်၊(ပြန်/ဆက်)