မိုင်းငေါ့ နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်( မြောက်ပိုင်း )၊ကျောက်မဲ ခရိုင်၊ မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု လျော့ကျစေရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းများကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဝန်ထမ်းများက စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မိုင်းငေါ့မြို့အတွင်းရှိ ပြည်သူများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ် နိုင်ရန်အတွက် အတတ်နိုင်ဆုံး အိမ်တွင်း၌သာနေထိုင်ကြရန်၊ ပြင်ပမှ ဧည့်သည်များလက်မခံရန်နှင့် အခြားသူများထံသွားရောက်ခြင်းမပြုရန်၊ အပြင်ထွက် ပါက ပါးစပ်နှားခေါင်း စည်း(mask) ကို စနစ်တကျတပ်ဆင်၍ သွားလာကြရန်၊ လက်ကို မကြာခဏဆပ်ပြာနှင့် စနစ်တကျ စက္ကန့်(၂၀)ကြာဆေးကြောရန်၊ လူထူထပ်သည့် နေရာများသို့ သွားရောက်ခြင်းမှရှောင်ကြဉ်ရန်၊နှာခေါင်းစည်း (mask) မတပ်ဆင်ထားသော သူများ နှင့် တွေ့ဆုံခြင်း စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှရှောင်ကြဉ်ရန်၊ မိမိနေအိမ်အခန်းများကို လေဝင် လေထွက် ကောင်းအောင် ပြုလုပ်ကြရန်၊ အပြင်မှပြန်လာတိုင်း နှာခေါင်းစည်း(mask) များကို စနစ်တကျ စွန့်ပစ်ရန်၊ သက်ကြီးရွယ်အိုများ ၊ဆီးချိုသွေးချို နှလုံးရောဂါ အခံရှိသူမျာ၊ ရောဂါကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ် ထိခိုက်နိုင်သဖြင့် ဂရုပြုနေထိုင်ရန်၊ ရောဂါကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီး ထိန်းချုပ် နိုင်ရေး အတွက် ပြည်သူအားလုံးလိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် စသည့် အချက် များအား Hand Speaker ဖြင့် လိုက်လံ အသိပေးနိူးဆော်ခြင်းများ ကိုစဉ်ဆက်မပြတ် ဆက်လက် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရပါသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)