ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး (Mask Campaign) ပြုလုပ်

ဆိပ်ကြီးခနောင်တို နိုဝင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ လူနာများတွေ့ရှိမှု မရှိသလောက် နည်းပါးသွားသော်လည်း ရောဂါကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းမှစ၍ မြို့နယ် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာပေးခြင်းနှင့်   (Mask  Campaign) ကို မြို့နယ်အတွင်း လူစည်ကားရာနေရာတွင် ပြုလုပ်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း များ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ မြို့မဈေးကြီးတွင် ဈေးလာရောက် ဝယ်ယူ ရောင်းချသူများကို ပါးစပ်နှင့် နှာခေါင်းစည်း အကာအကွယ် Mask  ၁၅၀၀ အား အခမဲ့ ဖြန့်ဝေပေး၍ စနစ်တကျ တပ်ဆင်ပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ခြင်းဆိုင်ရာ အမူအကျင့်ကောင်း များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာစေရန်  အသိပေးပြောကြားပေးခြင်းတို့ကို အရှိန် အဟုန်မြှင့် ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝေယံ