ရန်ကုန် နိုဝင်ဘာ ၂၄
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်း ကော်မတီမှ ဦးဆောင်မှုဖြင့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ် အတွက် အသိပညာပေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်ပိုင်းက သန်လျင်မြို့မစျေးနှင့် လူစည်ကားရာ နေများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်လျင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းလေးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ စျေးတာဝန်ခံနှင့် ဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များက စျေးရောင်း၊ စျေးဝယ်သူများနှင့် လမ်းသွား၊ လမ်းလာပြည်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်း Mask များအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သန်လျင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်း ကော်မတီမှ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းကာ မြို့နယ်အတွင်း အသိပညာပေးခြင်း လုပ်ငန်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများအား ဦးစားပေးအုပ်စုများအလိုက် ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်