လှိုင်းဘွဲမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာအုပ်စာပေချစ်မြတ်နိုးသူများ စာဖတ် ဝိုင်း ကျင်းပ

လှိုင်းဘွဲ   နိုဝင်ဘာ ၂၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာအုပ်စာပေ ချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန်၊ တစ်ဦးနှင့်တစ်ဦး အတွေးအခေါ် အသိအမြင်များအား  မျှဝေတတ် စေရန်နှင့် စာပေမှရရှိသော အသိအမြင် ဗဟုသုတများကို အသုံးချတတ်လာစေရန် ရည်ရွယ်၍ စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားထားသော ကမ္ဘာရွာ စာအုပ်ဖြင့် ယနေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောသော်တာလင်းသန့်က စာဖတ်ဝိုင်းကျင်းပြု လုပ်ခြင်း အားဖြင့် လူငယ်တို့၏ အသိအမြင်များကို တစ်ဦးနှင့်တစ်ဦး အသိပညာဗဟုသုတ ဖလှယ်ပြီး ကောင်းမွန်သော အတွေ့ အကြုံများ ရရှိစေရန်နှင့် စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီး တက်ရောက်လာသော  Book Club အဖွဲ့ဝင် များက  စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသော ကမ္ဘာရွာစာအုပ်၏ ရည်ရွယ်ချက်၊ စာရိတ္တသည် တန်ခိုးတည်း၊ ကိုယ်ကျင့် တရား အမွေ၊ ယဉ်ကျေးသူ၊ ကမ္ဘာရွာ၊ အမုန်းနှင့်မေတ္တာ၊ စာတတ်သူ၊ စာဖတ်သူ၊ စိတ်ချမ်းသာနည်း စသည့် စာအုပ်တွင် ပါရှိသော ခေါင်းစဉ်များအလိုက် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

စောဒိ(ပြန်/ဆက်)