ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ လျော့နည်းကျဆင်းစေရေးအတွက် နှာခေါင်းစည်း Mask တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းနှင့် နှာခေါင်းစည်း Mask များ (အခမဲ့)ဖြန့်ဝေ

ရန်ကုန်  နို၀င်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ဌာနဆိုင်ရာများ ပူးပေါင်း၍ မန္တလေးလမ်းရှိ ညနေဈေးတွင် ယမန်နေ့ညနေ ၃ နာရီအချိန်ကများ၊ ဈေးရောင်းဈေးဝယ်သူများနှင် လမ်းသွားလမ်း လာပြည်သူများအား ကိုဗစ်-၁၉ ရောဂါ လျော့နည်းကျဆင်းစေရေးအတွက် နှာခေါင်းစည်း Mask တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ Mask များ (အခမဲ့) ဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ လိုက်နာ ဆောင်ရွက်ရန် ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ နေထိုင်ရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ ပြည်သူများနှင့် ဈေးရောင်း ဈေးဝယ်နေကြသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်း (Mask) နှင့် မျက်နှာအကာအကွယ် (Face Shield) များ တပ်ဆင်ပြီးမှ ခရီးသွားလာကြရန်၊ လက်သန့်စင်ဆေးရေများ သုံးစွဲကြရန်နှင့်  ကျန်းမာရေးဝန်ကြီး ဌာနမှထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်စေရေး အသိပညာပေးခြင်းများ   ဆောင်ရွက်ခဲ့ပြီးနောက်  ပြည်သူများအား Mask များ (အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှာခေါင်းစည်း Mask တပ်ဆင်ခြင်း ရှိ/မရှိနှင့် အသိပညာပေး ဆောင်ရွက်ခြင်းကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်နှင့်အဖွဲ့၀င်များ၊        မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ၀န်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ညွှန့်နှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများနှင့် ကြက်ခြေနီ တပ်ဖွဲ့၀င်များက ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြင့်မြင်ရီ