ကွမ်းခြံကုန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး Mask အခမဲ့ဖြန့်ဝေလျက်ရှိ

ကွမ်းခြံကုန်း နိုဝင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေး ရည်ရွယ်၍ ပါးစပ်၊ နှာခေါင်းစည်း Mask Campaign လှုပ်ရှားမှု တစ်ရပ် ကို ကွမ်းခြံကုန်းမြို့နယ်မြို့မစျေး၌ ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးလုပ်ငန်းများတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူး သန်းလွင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆရာ/ဆရာများ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ ပူးပေါင်း၍ မြို့မစျေးသို့ လာရောက်စျေးဝယ်သူ၊ စျေးရောင်းသူများ၊ လမ်းတစ်လျှောက် ဆိုင်ကယ်စီးလာသူများ၊ အနှေးယာဉ်သမားများ၊ လမ်းလျှောက်သူများ အား နှာခေါင်းစည်း တပ်ဆင်လာခြင်းမရှိသူအား နှာခေါင်စည်း တပ်ဆင်ပေးခြင်းနှင့် နှာခေါင်းစည်း(Mask) အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)