လှိုင်းဘွဲမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက်

လှိုင်းဘွဲ  နိုဝင်ဘာ၂၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် အသိပညာပေး Talk Show ကို ယမန်နေ့နေ့လည်()နာရီအချိန်က လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေး Talk Show ကို လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောသော်တာ လင်းသန့်က ပြည်သူများအနေဖြင့် တန်ဖိုးထားအပ်သော အမျိုးသားအောင်ပွဲနေ့ကို အသိပညာ ဗဟုသုတရရှိနိုင်စေရန်အတွက် အသိပညာပေး Talk Show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်သမဝါယမအသင်းစု လီမိတက် ဥက္ကဌ ဦးလင်းခိုင်က အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာခြင်းအကြောင်းအရာများ၊ အမျိုးသား ပညာရေးကဏ္ဏ၊ အနာဂတ်ကောင်းဖို့ အမျိုးသားတို့တာဝန်၊ ၂၀၂၁ခုနှစ်၊(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့၏ ဦးတည်ချက်များ၊ ၁၉၂၀ပြည့်နှစ် သပိတ်မှအစပြု၍ မြန်မာနိုင်ငံလွတ်လပ်ရေး ရသည်အထိ ပြည်သူလူထုတစ်ရပ်လုံး နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားရေး စိတ်ဓါတ်များ အပြင်းအထန် ပေါ်ပေါက်လာခြင်း၊ အမျိုးဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက်ခြင်း၊ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ အမျိုးသားရေး အကျိုးစီးပွားကို သယ်ပိုး ဆောင်ရွက်ခြင်း စသည့် အတုယူ သင့်သော အမျိုးသားရေး စိတ်ဓါတ်ကို  အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

စောဒိ(ပြန်/ဆက်)