မိုင်းဖြတ်၌ ပြည်သူ(၁၅၉)ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေး တတိအသုတ်(ဒုတိယ)ဆက်လက်ထိုးနှံပေး

မိုင်းဖြတ် ၊ နိုဝင်ဘာ ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်း၊ မိုင်းဖြတ်မြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (ပထမ)အကြိမ်နှင့် (ဒုတိယ)အကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆေးထိုးစုရပ်နေရာများ၌ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်နှင့် ကျေးရွာများမှ သက်ဆိုင်ရာတာဝန်ရှိသူများက ဆေးထိုးစုရပ်နေရာများတွင် (ဒုတိယ) အကြိမ်ထိုးနှံပေးလျက်ရှိသည်။

ထို့အတူ အကြောင်းအမျိုးအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများအား (ပထမ) အကြိမ်အဖြစ် ထိုးနှံပေးရာတွင် လာ​ရောက်ထိုးနှံသူများကိုကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါရှိ/မရှိ RTD Tast kitဖြင့်စစ်ဆေးပြီး ​ကိုဗစ်-၁၉ရောဂါမတွေ့ရှိသူများကိုသာ (ပထမ)အကြိမ်ထိုးနှံပေးခဲ့​ပြီ ယ​နေ့တွင် ပြည်သူစုစု​ပေါင်း(၁၅၉)ဦးကို ထိုးနှံ​ပေးခဲ့ကြောင်း သိရ သည်။

သန်းထွန်း​အေး