မိုးမိတ် နိုဝင်ဘာ ၂၄ ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအား အရှိန်အဟုန်မြှင့်၍ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုကို အမြန်ဆုံး ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရည်ရွယ်၍ နိုဝင်ဘာ ၂၄ရက် နံနက် ၇ နာရီအချိန်က ရွှေဇာလီကျေးရွာတွင် RDT စနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိ အခမဲ့စစ်ဆေး ပေးခြင်း နှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့သို့ကွင်းဆင်းဆောင်ရွက်ရာတွင် နှာခေါင်းစည်းတပ်ဆင်ခြင်း မရှိသော ဖြတ်သန်းသွားလာသူ (၇၀) ဦးအား RDT စနစ်ဖြင့် အခမဲ့စစ်ဆေးပေးခြင်း၊ ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေးထိုးနှံထားခြင်း မရှိသူ (၃၀) ဦးအား ကာကွယ်ဆေးထိုးနှံပေးခြင်း ၊ နှာခေါင်းစည်း (mask)များ ဖြန့်ဝေခြင်း စသည့် လုပ်ငန်း များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးအောင်ဘော်နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီဝင်များ၊ ကျန်းမာရေး ဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စည်ပင် သာယာရေး ဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ပါဝင်ဆောင်ရွက်ခဲ့ကြပြီး ထိုသို့ စစ်ဆေးရာတွင်ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိသူ (၁) ဦးတွေ့ရှိရာ မြို့နယ်ကိုဗစ် ၁၉ ကုသရေးစင်တာသို့ ပို့ဆောင် ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူဌေး (ခရိုင်ပြန်/ဆက်)