မင်္ဂလာဒုံ နိုဝင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းပပျောက်စေရေး ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အသိပညာပေးခြင်း လုပ်ငန်းများနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ၌ ရပ်ကွက်နေ မိဘပြည်သူများနှင့် ခရီးသွားလာ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာသည့်အခါ အစဉ်အမြဲ ပါးစပ် နှာခေါင်းစည်း Mask များကို စနစ်တကျ တပ်ဆင်နိုင်စေရေးအတွက် ယနေ့နံနက်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်၊ အောင်မင်္ဂလာအဝေးပြေးယာဉ် ရပ်နားစခန်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးအောင်မြင့်ကြိုင် ဦးဆောင်သည့်အဖွဲ့များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာဒေါ်ဝင်းဝင်းမာ ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ ပူးပေါင်းပြီး ကိုဗစ်-၁၉ရောဂါ အသိပညာပေး ပြောကြားခြင်းနှင့် Mask Campaign ပြုလုပ်ဆောင်ရွက်ခဲ့ပြီး ပါးစပ်နှာခေါင်းစည်း Mask (၁၀၀၀)ခန့် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သန္တာ(ပြန်/ဆက်)