ကျောက်ဆည်မြို့တွင် စိုက်ပျိုးထားသော ပဲစင်းငုံခင်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည်  နိုဝင်ဘာ  ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးကို အဓိကထားစိုက်ပျိုးကြပြီး ယာမြေများ တွင် ငရုပ်၊ ကြက်သွန်၊  ငှက်ပျော၊ နေကြာ၊ ဝါနှင့် ပဲမျိုးစုံ စိုက်ပျိုးကြရာ တောင်တော်ကျေးရွာမှ ဦးမျိုးထွန်း စိုက်ပျိုးထားသော ပဲစင်ငုံစိုက်ခင်းများ အပွင့်အသီးများဖြင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။

 ပဲစင်ငုံသီးနှံသည် လရှည်သီးနှံဖြစ်သောကြောင့် တောင်သူများအနေဖြင့် ပဲစင်ငုံများ စိုက်ပျိုးရာတွင် ပဲတီစိမ်းသီးနှံဖြင့် တွဲဖက်ပြီး အတန်းလိုက် တစ်တန်းခြား စိုက်ပျိုးကြကြောင်း၊ ပဲတီစိမ်းသီးနှံများ ရိတ်သိမ်းချိန်တွင် မြေဆွပေါင်းလိုက်ပြီး လိုအပ်သည့်ဖျန်းဆေးများ ဖြန်းပေးခြင်းဖြင့် အပင်များ ကြီးထွားလာပြီး အပွင့်များ ဖြိုင်ဖြိုင်ပွင့်လာကာ အသီးအကင်းများ စတင်သီးလာကြောင်း သိရှိရသည်။

၂၀၂၁၊၂၀၂၂-ခုနှစ်တွင် ကျောက်ဆည်မြို့နယ်၌ ပဲစင်ငုံစိုက်ဧက (၁၈၄၀)ဧက၊ မြစ်သားမြို့နယ်၌ (၁၃၀၂)ဧက၊ တံတားဦးမြို့နယ်၌ (၅၁၃၇)ဧက စိုက်ပျိုးထားကြောင်း  ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးစိုးနိုင်ပြောပြ၍ သိရသည်။

သက်မောင်(ကျောက်ဆည်)