မက်မန်း နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၌ (၁၀၁)နှစ်မြောက် “အမျိုးသား အောင်ပွဲနေ့” အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့က မက်မန်းမြို့ အ.ထ.က ကျောင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။
စာစီစာကုံးပြိုင်ပွဲကို မက်မန်းမြို့ အ.ထ.ကကျောင်းတွင် ပညာသင်ကြားနေသော အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/သူ (၂၀) ဦးတို့က “အမျိုးသားနေ့တို့မမေ့” ခေါင်းစဉ် ဖြင့် ဝင်ရောက်ယှဉ်ပြိင်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများကို တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့ (၁၀၁) နှစ်မြောက် “အမျိုးသား အောင်ပွဲနေ့” အခမ်းအနားတွင် ဆုရရှိသူ ကျောင်းသား/သူ များအား ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းမြတ်စိုး(IPRD)