တံတားဦး နိုဝင်ဘာ ၂၃
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အထက၊ တံတားဦးတို့ ပူးပေါင်းပြီး (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကဗျာရွတ်ဆို ပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်းပ ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရခြင်းမှာ ကလေးများအနေဖြင့် အမျိုးသားအောင်ပွဲနေ့ အကြောင်းသိရှိစေရန် ၊ အများ နှင့် ပူးပေါင်းဆောင်ရွက်တက်ရေး ကောင်းသောယှဉ်ပြိုင်လိုစိတ်များ ဖြစ်ပေါ်လာစေရေး၊ အားလပ်သည့် အချိန်များတွင် စာကြည့်တိုက်သို့ လာရောက်၍ပညာဗဟုသုတရရှိရေးအတွက် စာငှားစာဖတ်ကြ ရန်၊ အချန်ကိုအကျိုးရှိစွာ အသုံးချတက်ရေး၊ စာပေကိုလေ့လာဖတ်ရှုခြင်းအားဖြင့် အသိအလိမ္မာ ဉာဏ်ပညာ ဗဟုသုတတိုးပွားလာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားတိုးပွားလာစေရန် စသည်တို့ကို ရည်ရွယ်၍ ကျင်းပဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းမြို့နယ်ဦးစီးမှူး ဦးဘိုမောင်ထံမှသိရသည်။
ထို့နောက် ကဗျာရွတ်ဆိုပြိုင်ပွဲသို့ တက်ရောက်လာကြသော ကလေးငယ်များက မိမိတို့လေ့လာဖတ်ရှု သော အမျိုးသားအောင်ပွဲနေ့ ကဗျာများကို တစ်ဦးချင်းနှင့် အဖွဲ့အလိုက်စုပေါင်း၍ ရွတ်ဆိုကြပြီး တာဝန်ရှိသူများက ကလေးငယ်များအတွက် အမှတ်တရ လက်ဆောင်များ အသီးသီးပေးအပ်ကြ ကြောင်းသိရသည်။
ရဲတင့်(တံတားဦး)